သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့ နမ့်စောင်းငေါဝ်းချောင်းအတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်မှောက်ပြီး ပြုတ်ကျသေဆုံး

ကျောက်မဲမြို့ နမ့်စောင်းငေါဝ်းချောင်းအတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်မှောက်ပြီး ပြုတ်ကျသေဆုံး

Hsan Loi Editor
05/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက်(၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း နမ့်စောင်းငေါဝ်းချောင်းအတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်မှောက်ပြီးပြုတ်ကျမှု ယနေ့ (၅.၅.၂၀၂၃) ရက်နေ့ နံနက် (၂) နာရီ ကျော်ခန့်၌ ဖြစ်ပွားခဲ့သည်။

“ ကျနော်တို့ဆီကို ဆက်သွယ်ပြီး အကြောင်းကြားလာတာကတော့ မနက် ၂ နာရီကျော်ကျော်လောက်ဖြစ်မယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာတော့ သူကမှောက်ရပ်နဲ့ ရေထဲမှာနစ်ပြီး သေနေပြီပေါ့လေ။ ဆိုင်ကယ်ကတော့ လမ်းမပေါ်မှာမှောက်ပြီး လဲနေတယ်။ ကျောက်မဲမြို့ (၁) ရပ်ကွက် အုတ်ကျင်းမှာနေတဲ့သူပါ။ မနက်ဈေးအနားမှာဖြစ်တာဆိုတော့ ကျနော့်အထင်တော့ ဈေးဝယ်ဖို့သွားရင်း ဖြစ်တယ်လို့ပဲထင်တယ်။” ဟု ၎င်းအလောင်းကို သွားရောက်ကူညီသယ်ဆောင်ပေးခဲ့သူ နမ့်ခုံးပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

အဆိုပါ အမျိုးသမီးအလောင်းကို နံနက်(၂း၄၅) နာရီခန့်၌ နမ့်ခုံးရှမ်းများပရဟိတ လူမှုကူညီရေးအသင်းက ရေထဲမှ ဆွဲထုတ်နိုင်ခဲ့ကာ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။