နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့နယ် ကုန်းသာကျေးရွာ၌ ကားနှင့်ဆိုင်ကယ် မတော်တဆတိုက်မိပြီး ဆိုင်ကယ်စီးသူနှစ်ဦး ပြင်းထန်စွာဒဏ်ရာရ

သီပေါမြို့နယ် ကုန်းသာကျေးရွာ၌ ကားနှင့်ဆိုင်ကယ် မတော်တဆတိုက်မိပြီး ဆိုင်ကယ်စီးသူနှစ်ဦး ပြင်းထန်စွာဒဏ်ရာရ

Hsan Loi Editor
05/05/2023
Share:

 

ယနေ့ (၅.၅.၂၀၂၃) ရက်နေ့ မွန်းတည့် (၁၂)နာရီခန့်၌ သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာ သီပေါ-လားရှိုးလမ်းမကြီးတွင် ခရီးသည်တင်ကားသေးနှင့် ဆိုင်ကယ် မတော်တဆတိုက်မိခဲ့ကြောင်း သတိရရှိသည်။

ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးလာသူနှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

“ ကုန်းသာအဆင်းအကွေ့ တံတားအကျော်မှာ လားရှိုးဘက်ကဆင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိတာပါ။ ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်လုံး ခေါင်းပေါက်ပြီး သွေးတော်တော်ထွက်တယ်။ ဒါတောင်ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားကြလို့ပေါ့။ မဟုတ်ရင် အဲ့နေရာတင်ပွဲချင်းပြီးသေတာပေါ့။ ကုန်းသာတံတားအကွေ့မှာ ခဏခဏယာဉ်မတော်တဆမှုဖြစ်တတ်လို့ ယာဉ်မောင်းတွေအနေနဲ့ ဖြည်းဖြည်းမောင်းကြပါဗျာ” ဟု ယာဉ်တိုက်မှုဖြစ်စဉ် မျက်မြင်တစ်ဦးက ပြောပြသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂ ဦးအား သီပေါမြို့ နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်းမှ လာရောက်ကူညီသယ်ဆောင်ပြီး သီပေါဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။