သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ပြန်ပေးဆွဲ၊ ငွေညစ်လုယက်မှုကျူးလွန်သူ (၄) ဦးအား MNDAA မှ သေဒဏ်ပေး

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ပြန်ပေးဆွဲ၊ ငွေညစ်လုယက်မှုကျူးလွန်သူ (၄) ဦးအား MNDAA မှ သေဒဏ်ပေး

Hsan Loi Editor
03/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် လုယက်မှု၊ ပြန်ပေးဆွဲမှု ၊ လူသတ်မှု၊ ငွေညစ်မှုများ ကျူးလွန်ခဲ့သူ (၄) ဦးအား MNDAAက သေဒဏ်ပေးလိုက်ကြောင်း The Kokang သတင်းက ဖော်ပြခဲ့သည်။

ယမန်နေ့ မေလ ၂ ရက်က ကိုးကန့်တပ်မတော် (MNDAA) တရားစီရင်ရေးဌာနက သေဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ သေဒဏ်ပေးခံရသည်များသည် Shi Weyong (၂၃ နှစ်)၊ Guo Shaowei (၂၉ နှစ်)၊ Shi Weichang (၁၈ နှစ်)နဲ့ Guo Shauokuan (၂၁ နှစ်)တို့ (၄) ဦးဖြစ်သည်။

၎င်းတို့ (၄)ဦးအနက် တစ်ဦးသည် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရသည်။ အဆိုပါ (၄)ဦး ကျူးလွန်ခဲ့သည့် ပြစ်မှုများကို အများပြည်သူရှေ့ ရှင်းပြခဲ့ပြီး ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

photo credit & original uploader