နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျိုင်းတုံမြို့တွင်ခရီးသည်တင် ယာဥ်တစ်စီး မကျီးပင်ဝင်တိုက်၍ တစ်ဦးသေဆုံး

ကျိုင်းတုံမြို့တွင်ခရီးသည်တင် ယာဥ်တစ်စီး မကျီးပင်ဝင်တိုက်၍ တစ်ဦးသေဆုံး

Hsan Loi Editor
01/05/2023
Share:

 

ကျိုင်းတုံမြို့နယ် ၊ နောင်ငင်းရွာထိပ်တွင် မိုင်းလားမှပျော်ဘွယ်သို့ မောင်းနှင်လာသော ဟွန်းဒိုင်းစတားရက်အမျိုးအစားခရီးသည်တင်ယာဥ်တစ်စီး မေ (၁) ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်က ယာဥ်မ တော်တဆ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

“ ရှေ့ကလာတဲ့ ကားတစ်စီးကိုရှောင်ရင်း စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ပဲ မကျီးပင်ကိုဝင် တိုက်မိတာလို့ သိရတယ် တစ်ယောက်သေတယ် ၊ ဒဏ်ရာရတဲ့ လူလဲရှိတယ်” ဟု ကျိုင်းတုံ ယာဥ်မောင်းတစ်ဦးကပြောသည် ။

ယာဥ်ပေါ်တွင် လိုက်ပါလာသောယာဥ်မောင်းအပါ အဝင်အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၂) ဦး စုစု‌ပေါင်း(၇) ဦး အနက် အမျိုးသားတစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရရှိသူများကို ကျိုင်းတုံခရိုင်နှင့် ကျိုင်းတုံမြို့နယ် မီးသတ်တပ်ဖွဲဝင်များက ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။