သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်းဝမ်မိုင်ရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦး တစ်ညလုံးပန်ကာလေဖွင့်အိပ်မှုကြောင့် ယမန်နေ့ (၂၈.၄.၂၀၂၃) ရက်နေ့က သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
“ သူက ညဘက်ပိုင်းမှာအရမ်းပူပြီး အိပ်မရဘူးထင်တယ်။ အဲ့ဒါကြောင့် ပန်ကာလေကိုတစ်ညလုံးဖွင့်ပြီး ပန်ကာလေတိုက်ခံပြီး အိပ်တာပေါ့လေ။ မနက် (၉) နာရီလောက်ကျတော့ မူးလဲပြီးသတိလစ်သွားလို့ ကျနော်တို့ဆီကို သူ့အသိတွေက ဆေးရုံးပို့ပေးဖို့ အကူအညီတောင်းလာတယ်။ ဆေးရုံရောက်တဲ့အချိန်မှာ အသက်မရှိတော့ဘူး သေနေပြီ။ ဆရာဝန်တွေပြောပြချက်အရတော့ ပန်ကာလေကိုတစ်ညလုံးခံပြီးအိပ်တဲ့အတွက် ဦးနှောက်သွေးကြောပျက်သေဆုံးတယ်လို့ပြောတယ်။ သူကဝလည်းဝတော့ သွေးတိုးလည်းရှိတယ်တဲ့။” ဟု ဦးလှမိုးလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
တစ်ရက်ထက်တစ်ရက် ရာသီဥတု ပိုပြီး ပူပြင်းလာသောကြောင့် မိဘပြည်သူများ ကျန်းမာရေးအသိ သတိရှိကြရန် တိုက်တွန်းအပ်ပါသည်။
