သျှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ အနာကြီးရောဂါသည်တစု စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေပါသည်။
တောင်ကြီးမြို့ခံများထဲမှ ဖြတ်သန်းသွားလာကြသူများ ရံဖန်ရံခါ ရေသန့်၊ အစားအသောက်နှင့် ငွေကြေးများပေးကမ်းလေ့ရှိပါသည်။
သျှမ်းစကားပြောကြသည့်အတွက် သျှမ်းလူမျိုးများဟု ပြောပါသည်။
အနာကြီးရောဂါသည်များဖြစ်သည့်အလျှောက် အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ရန်လည်း အခက်အခဲများစွာရှိပါသည်။
စာနာနားလည်သော မိဘပြည်သူများ အထက်ပါအနာကြီးရောဂါသည်တစုကို တွေ့ရှိပါက အနည်းနှင့်အများပေးကမ်းစွန့်ကြဲကြရန် ပြည်သူတဦးက တိုက်တွန်းလာပါသည်။
