ကရင်နီပြည်နယ်(ကယားပြည်နယ်) ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ် တို့သည် ဧပြီလ (၁၆)ရက်နေ့နှင့်(၁၇)ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးလက်နယ်ငယ်များနှင့်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့တွင် ဖော်ပြခဲ့သည်။
တိုက်ပွဲ၌ စစ်ကောင်စီဘက်၌ တပ်သားများစွာ သေဆုံးနိုင်ပြီး ကရင်နီပူးပေါင်းတပ်ဘက်မှ တစ်ဦး ကျဆုံးခဲ့သည်။ တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။
