မြန်မာတစ်နိုင်ငံလုံးရှိ အချုပ်ထောင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံခြား အကျဉ်းသား/သူ (၉၈) ဦးအား ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီမှ ကြေညာထားသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများအား နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ထုတ်ပြန်ထားသည်။
အလားတူ အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား (၅) ဦး ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။
