မြန်မာတစ်နိုင်ငံလုံးရှိ အချုပ်ထောင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ (၃၀၁၅) ဦးအား ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီမှ ကြေညာထားသည်။
ယခုလွတ်ငြိမ်းပြုသူများထဲတွင် နွေဦးတော်လှန်ရေး၌ ပါဝင်သူများ ပါ/မပါ မသိရသေးပါ။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများအား နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ထုတ်ပြန်ထားသည်။