နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်ဂူတိုက်နယ်အတွင်း SSPP နှင့်မဟာမိတ်များ ဖမ်းဆီးထားသော ရွာသားအချို့နှင့် RCSS တပ်ဖွဲ့ဝင်အချို့ကို ကယ်ထုတ်နိုင်ခဲ့ဟုဆို 

ကျောက်ဂူတိုက်နယ်အတွင်း SSPP နှင့်မဟာမိတ်များ ဖမ်းဆီးထားသော ရွာသားအချို့နှင့် RCSS တပ်ဖွဲ့ဝင်အချို့ကို ကယ်ထုတ်နိုင်ခဲ့ဟုဆို 

Hsan Loi Editor
17/04/2023
Share:

ကျောက်ဂူတိုက်နယ်အတွင်း SSPP နှင့်မဟာမိတ်များ ဖမ်းဆီးထားသော ရွာသားအချို့နှင့် RCSS တပ်ဖွဲ့ဝင်အချို့ကို ကယ်ထုတ်နိုင်ခဲ့ဟုဆို

 

17 April 2023 (09:43 AM)

 

ယမန်နေ့ မတ်လ ၁၆ ရက်နေ့က ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်၊ နောင်ဝိုးကျေးရွာအုပ်စု ငဲ့ဈန် ကျေးရွာမြောက်ဖက်၌ SSPP နှင့် မဟာမိတ်များက ဖမ်းဆီးထားသော ရွာခံအချို့နှင့် RCSS တပ်ဖွဲ့ဝင်အချို့ကို RCSS အဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်နိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာပါသည်။

 

ယမန်နေ့ နံနက်ပိုင်း ၈ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၄၅ မိနစ်ခန့်အထိ RCSS အင်အားတခုဖြင့် ဝင်ရောက် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

 

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကပင် SSPP က ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ် နောင်ပူခဲကျေးရွာမှ ရွာလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းတူးအောင်နှင့် အတူ အခြား ရွာသား ၃ ဦးကိုပါ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

 

“စိုင်းတူးအောင်ကို SSPP အဖွဲ့ဝင်တွေက ငဲ့စျန်ရွာ ကျောင်းသစ်မှာဘဲ ဧပြီလ ၁၀ ရက်နေ့က တခြားရွာသား ၃ ယောက်နဲ့အတူ ဖမ်းသွားပါတယ်၊ ၁ ယောက်ကတော့ ပြန်လွတ်လာပါတယ်” ဟု ရွာခံတဦးက Tai Freedom သတင်းဌာနကို ဧပြီလ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။