ယမန်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့နယ် ကျုံးနံဘေးတဝိုက် ထိုင်းရိုးရာသင်္ကြန်ကာလ ရေပက်ကစားနေကြစဉ်၊ အရက်သေစာ သောက်စားမူးယစ်ထားသော သျှမ်းရွှေ့ပြောင်းအလုပ်သမား ၂ ဦး နိုင်ငံခြား ဧည့်ခရီးသွား အမျိုးသမီးတင်သွားကိုင်သဖြင့် (လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဖြင့်) ထိုင်းပုလိပ်များက ဖမ်းဆီးသွားပါသည်။