သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းနောင်မြို့နယ် အတွင်း SSPP အဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် RCSS အဖွဲ့တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး ယနေ့နံနက်ပိုင်း၌ သေနတ်သံများကြားရဟုဆို

မိုင်းနောင်မြို့နယ် အတွင်း SSPP အဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် RCSS အဖွဲ့တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး ယနေ့နံနက်ပိုင်း၌ သေနတ်သံများကြားရဟုဆို

Hsan Loi Editor
12/04/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်အနီးတစ်ဝိုက်တွင် SSPP ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် RCSS အဖွဲ့တို့ စစ်ရေးတင်းမာလျက်ရှိပြီး ယနေ့ (၁၂.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းခန့်၌ သေနတ်သံများ စတင် ကြားနေရကြောင်း မိုင်းနောင်ဒေသခံများက ဆိုသည်။

မိုင်းနောင်မြို့ တောင်ဘက် ဝမ်တုံနှင့်လုံယမ်းရွာအနီး၌ သေနတ်သံများကြားနေရခြင်းဖြစ်ပြီး SSPP ဘက်မှ စစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

(၁၀.၄.၂၀၂၃)ရက်နေ့တွင်လည်း မိုင်းနောင်မြို့နယ် ဝမ်တုံကျေးရွာအုပ်စု ဖိုင်မောင့်ရွာကို SSPP တပ်သားများမှ ဝင်ရောက်ရှာဖွေခဲ့ရာတွင် ဒေသခံရွာသူရွာသားများ ထိတ်လန့်ပြီး ထွက်ပြေးခဲ့ရသည်။ ထွက်ပြေးကြသော ကျေးရွာခံ ရွာသူရွာသားများကို SSPP တပ်သားများ လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ ရွာခံတစ်ဦးဖြစ်သူ စိုင်းညာအား ပစ်ခတ်မိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ရသည်။

(၁၁.၄.၂၀၂၃) ရက်နေ့တွင် SSPP အဖွဲ့မှ ဆန်တစ်တင်း၊ ဝက်သား (၁၀၀) ပိဿာ၊ ပစ္စည်းထမ်းသူ (၆) ဦးအား ဝမ်တုံရွာသားများထံ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲနှင့်ပတ်သက်၍ (၂) ဖက်အဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဒေသခံများမှ တိုက်ပွဲပြင်းထန်မည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိသည်။