ယနေ့ (၇.၄.၂၀၂၃) ခုနှစ် နံနက် (၉) နာရီခန့်က စတင်ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာအနီး မန်ဆန်ရေကျသွားသည့်လမ်း၌ စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒါ့အပြင် လားရှိုးမြို့နယ် နောင်ကွဲကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ယနေ့ နံနက် (၁၁) နာရီအထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ စစ်ရဟတ်ယာဉ်များပါ အသုံးပြုတိုက်ခိုက်နေကြောင်း ကနဦးသိရသည်။