ဧပြီလ ၆ ရက် ယမန်နေ့ နံနက်ပိုင်း ၇ နာရီ ဝန်းကျင်ခန့်တွင် လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာအုပ်စု၌ ငလျှင်လှုပ်သွားခဲ့ရာ ဝမ်ဟတ်ကျေးရွာ မကျိုင်းမွန်း ပရဟိတကျောင်း၌ တည်ထားကိုးကွယ်သော မဟာမြတ်မုနိဘုရားကျောင်းဆောင်၏ မျက်နှာကျက်များပျက်စီးဆုံးရူံးသွားခဲ့ကြောင်း သိရပါသည်။
“ ကနေ့ ဧပြီလ ၆ ရက် မြေငလျှင်လှုပ်သွားတဲ့အတွက်ကြောင့်မို့လို့ မကျိုင်းမွန်းရွာရဲ့ မဟာမြတ်မုနိဘုရား ဗုဒ္ဓရုပ်ပွားတော် ကျောင်းဆောင် မျက်နှာကျက် ကြွေကျပျက်စီးကုန်ပြီ ” ဟု Pi Hurng Hsai က ရေးသားဖော်ပြထားပါသည်။

Ref: Pi Hurng Hsai