တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် သျှမ်းတိုင်းရင်းသားတစ်ဦးထံမှ Happy Water (ခေါ်) စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် သျှမ်းတိုင်းရင်းသားတစ်ဦးထံမှ Happy Water (ခေါ်) စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Hsan Loi Editor
07/04/2023
Share:

 

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၅၇ x ၅၈ လမ်းကြားရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းအတွင်း၌ ယနေ့လူငယ်များအကြား ခေတ်စားနေသည့် စိတ်ပြောင်းဆေးဝါးတစ်မျိုးဖြစ်သည့် Happy Water များ ရှာဖွေတွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ ဖော်ပြချက်အရသိရသည်။

 

ဖြစ်စဉ်တွင် ကားဂိတ်ထံ ပစ္စည်းလာရောက်ထုတ်ယူသူ စိုင်းဆိုင်လှိုင်းနွံအား စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ ရှာဖွေစစ်ဆေးရာမှ စက္ကူဂျပ်ဖာတစ်ခုအတွင်း စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော အမှုန့် (Happy Water) အလေးချိန် ၁.၅၂ ကီလို ငွေကျပ်တန်ဖိုး (၁၈၂၄ သိန်း) အား တွေ့ရှိခဲ့ကြောင်း သိရသည်။

 

စိတ်ပြောင်းဆေးဝါးတစ်ခုဖြစ်သည့် Happy Water ခေါ် ဆေးမှုန့်သည် ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားနေသည့် မူးယစ်ဆေးတစ်ခုဖြစ်သည်။

 

photo credit & original uploader