နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသော မြန်မာနိုင်ငံသား (၁.၈) သန်းနီးပါး ရှိလာပြီဖြစ်ကြောင်း (OCHA) ထုတ်ပြန်

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသော မြန်မာနိုင်ငံသား (၁.၈) သန်းနီးပါး ရှိလာပြီဖြစ်ကြောင်း (OCHA) ထုတ်ပြန်

Hsan Loi Editor
06/04/2023
Share:

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပြီး မတ်လ (၂၇) ရက်နေ့အထိ ကုလသမဂ္ဂ OCHA ၏ ဖော်ပြချက်အရ နေရပ်စွန့်ခွာထွက်ပြေးရသော ပြည်တွင်းတိမ်းရှောင်သူများ (၁.၈) သိန်းနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။

 

လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ဖော်ပြမှုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ လက်နက်ကြီးပစ်ခတ်မှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပဋိပက္ခပေါင်းများစွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ပါရှိသည်။

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုများ၊ ဖားကန့်၊ ရွေကူနှင့်ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းထိုးများနှင့် အရပ်သားဖမ်းဆီးစစ်ဆေးမှုများရှိကြောင်း ဖော်ပြထားသည်။ ဒါ့အပြင် ရွှေကူမြို့နယ်အတွင်း ကျေးရွာအများအပြားက အရပ်သား(၁၃၀၀)ကျော်သည် မတ်လအစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ယာယီစခန်း(၁၀)ခုနှင့် အနီးအနားက တောတောင်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

 

၎င်းတို့သည် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် မရှိမဖြစ်လိုအပ်သော အခြားလူ့အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

 

photo credit & original uploader