နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၃၇ လက်အား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ဟုဆို

ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၃၇ လက်အား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ဟုဆို

Hsan Loi Editor
25/03/2023
Share:

 

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စုအတွင်း၌ မတ်လ ၂၁ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး လက်နက်ငယ် (၃၇) လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများစွာ သေဆုံးခဲ့သလို အဆိုပါအလောင်းများကို ပြန်လာကောက်သည့် စစ်ကောင်စီတပ်သားများလည်း ထပ်မံတိုက်ခိုက်ခံရပြီး အလောင်းများကိုထားကာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပစ္စတို ၄ လက်၊ လက်နက်ကြီး (၆၀) မမ ၂ လက်၊ RPG ၂ လက်၊ စက်သေနတ် ၈ လက်၊ MA1 နှင့် MA 3 လက်နက် ၂၀၊ MA4နှင့် ၇၉ ဗုံးပစ်လောင်ချာတွဲထားသည့် သေနတ် ၁လက် စုစုပေါင်း လက်နက်မျိုးစုံ ၃၇ လက်ရရှိခဲ့ကြောင်း တိုက်ပွဲ၌ ပါဝင်သည့် ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဓာတ်ပုံများနှင့်တကွ ယနေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲ၌ တပ်ရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိရာ ဒေါတမကြီးတိုက်ပွဲ၌ တပ်ရင်းတစ်ခုလုံးနီးပါးအထိနာခဲ့ခြင်းဖြစ်ပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်ကူနေရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်မှ ရဲဘော် တစ်ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

photo credit & original uploaded