အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကလေး-တမူးလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းကို NLA ဝင်တိုက် လက်နက် ၁၅ လက် သိမ်းဆည်းနိုင်ခဲ့ဟုတို

ကလေး-တမူးလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းကို NLA ဝင်တိုက် လက်နက် ၁၅ လက် သိမ်းဆည်းနိုင်ခဲ့ဟုတို

Hsan Loi Editor
25/03/2023
Share:

 

ယနေ့ မတ်လ (၂၄) ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး-တမူးလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဘုက္ကန်ရဲကင်းကို တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (NLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်၁၅လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုသည် ၄၅ မိနစ်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် လက်နက်နှင့်ခဲယမ်းများသိမ်းဆည်းရမိခြင်းဖြစ်သည်ဟု NLAကဆိုသည်။

အဆိုပါရဲစခန်းက တမူးမြို့နှင့် ၁၈မိုင်အကွာတွင်ရှိပြီး တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က စစ်ကောင်စီရဲတပ်သားများကို ကူညီပေးခြင်းမရှိကြောင်းလည်းဆိုသည်။

အဆိုပါရဲစခန်းတွင် လက်နက်ငယ် ၁၅လက် အပါအဝင် ကျည်မျိုးစုံ ၂၀၀၀ကျော်၊ ကျည်ဘောက်၊ရှေ့ထွက်မိုင်း၊ လက်ပစ်ဗုံးနှင့် စကားပြောစက်များအပါအဝင် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး တိုက်ပွဲတွင် နှစ်ဖက်ကျဆုံးသေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

photo credit & original uploaded