မတ်လ ၂၁ ရက်နေ့ ယနေ့တွင် ကျွန်းတထောင်မြေ အရပ်ဖက်အဖွဲ့အစည်းမှ လူငယ်များက သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းရေး ရည်ရွယ်ချက်ဖြင့် ပလပ်စတစ်အမှိုက်ကောက်သည့် ကန်ပိန်းတခု ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် (No Dam Campaign) ရေကာတာတည်ဆောက်ခြင်းကို ကန့်ကွက်သည့်ကန်ပိန်းတခုကိုလည်း အတူတကွ ပြုလုပ်ခဲ့သည်ဟု သိရသည်။
နံနက်ဖြန်၊ မတ်လ ၂၂ ရက်နေ့တွင် သံလွင်မြစ်နှင့် နမ့်ပန်ချောင်းနံဘေးရှိ သဘာဝပါတ်ဝန်းကျင်များနှင့် ချောင်းဘေးတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ၏ လူမှုနေထိုင်မှုဘဝတို့ကို အတူတကွ လေ့လာကြမည်ဟု ဆိုသည်။

Photos: ကျွန်းတထောင်မြေ