နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အရပ်ဖက်အဖွဲ့အစည်းများစုပေါင်း၍ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားပြုလုပ်ခဲ့ 

အရပ်ဖက်အဖွဲ့အစည်းများစုပေါင်း၍ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားပြုလုပ်ခဲ့ 

Hsan Loi Editor
22/03/2023
Share:

 

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မတ်လ ၁၅ ရက်က ကွန်ဟိန်းမြို့၊ ဖန်လန်းရွာ ဖန်လန်းဖွံ့ဖြိုးရေးစင်တာတွင် ပြုလုပ်ခဲ့သည်ဟု ကျွန်းတထောင်မြေဖောင်ဒေးရှင်း ဒါရိုက်တာ နန်းဝါနုထံကတဆင့် သိရပါသည်။

 

သဘာဝပါတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုပြခန်းကိုလည်း မတ်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ သျှမ်းရိုးရာ ဓလေ့ ယဉ်ကျေးမှုရှင်ပြုပွဲ ကျင်းပသော ဖန်လန်းရွာ၊ ပင်ခုံးလောင် ဘုန်းတော်ကြီးကျောင်း ပရဝုဏ်အတွင်း ပြခန်းပြုလုပ်၍ ကျင်းပခဲ့သည်ဟု သိရသည်။

 

နမ့်စန်၊ ပင်လုံ၊ ကျေးသီး၊ ကွန်ဟိန်း၊ ကာလိမြို့တို့မှ သျှမ်း (ကျွန်းတထောင်မြေဖောင်ဒေးရှင်း)၊ လားဟူ၊ လီဆူ၊ တအာန်း ပလောင် အရပ်ဖက်အဖွဲ့အစည်းများ အတူတကွ ပါဝင်ကာ ရိုးရာယဉ်ကျေးမှုအဝတ်အစား၊ အကနှင့် မျိုးစေ့များ ဖလှယ်ခဲ့ကြကြောင်း သိရပါသည်။

 

Photos:ကျွန်းတထောင်မြေ