အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မတ်လ ၁၅ ရက်က ကွန်ဟိန်းမြို့၊ ဖန်လန်းရွာ ဖန်လန်းဖွံ့ဖြိုးရေးစင်တာတွင် ပြုလုပ်ခဲ့သည်ဟု ကျွန်းတထောင်မြေဖောင်ဒေးရှင်း ဒါရိုက်တာ နန်းဝါနုထံကတဆင့် သိရပါသည်။
သဘာဝပါတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုပြခန်းကိုလည်း မတ်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ သျှမ်းရိုးရာ ဓလေ့ ယဉ်ကျေးမှုရှင်ပြုပွဲ ကျင်းပသော ဖန်လန်းရွာ၊ ပင်ခုံးလောင် ဘုန်းတော်ကြီးကျောင်း ပရဝုဏ်အတွင်း ပြခန်းပြုလုပ်၍ ကျင်းပခဲ့သည်ဟု သိရသည်။
နမ့်စန်၊ ပင်လုံ၊ ကျေးသီး၊ ကွန်ဟိန်း၊ ကာလိမြို့တို့မှ သျှမ်း (ကျွန်းတထောင်မြေဖောင်ဒေးရှင်း)၊ လားဟူ၊ လီဆူ၊ တအာန်း ပလောင် အရပ်ဖက်အဖွဲ့အစည်းများ အတူတကွ ပါဝင်ကာ ရိုးရာယဉ်ကျေးမှုအဝတ်အစား၊ အကနှင့် မျိုးစေ့များ ဖလှယ်ခဲ့ကြကြောင်း သိရပါသည်။

Photos:ကျွန်းတထောင်မြေ