သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ရာတွင် သိထားသင့်သည့် ကိစ္စရပ်များ

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ရာတွင် သိထားသင့်သည့် ကိစ္စရပ်များ

Hsan Loi Editor
20/03/2023
Share:

 

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ သွားရောက်လျှောက်ထားသည့်အခါ လိုအပ်ချက်များမှာ

၁။ လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္ထူ (မည်သူဖြစ်စေ လာသောသူကိုဆိုလိုသည်)

၂။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မူရင်း
(အုံနာဘုတ်)

၃။ မော်တော်ယာဉ်သက်သေခံလက်မှတ်မူရင်း
(ဝှီးတက်)

၄။ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားတန်ဖိုး
၉၀၀၀ ကျပ်

စသည်တို့လိုအပ်မည်ဖြစ်သည်။

ကားလည်းမလိုအပ်သေး၊ နံပါတ်ပြားဟောင်းလည်း မလိုအပ်သေး၊ အထက်ပါအတိုင်း လျှောက်ထားသည့်အခါ ငွေသွင်းချလံပေးပါမည်။

ဖောင်းကြွနံပါတ်ပြားအသစ် ပြန်လည်ထုတ်ယူရမည့်ရက်ကိုလည်း ပြောပါမည်။

ဖောင်းကြွအသစ် မှာယူပြီး ပြန်လည်ထုတ်ယူရာတွင် လိုအပ်သော စာရွက်စာတမ်းများမှာ

ငွေသွင်းချလံနှင့်နံပါတ်ပြားအဟောင်း (၂) ချပ် ဖြစ်သည်။

၁။ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ
၂။ Taxi ယာဉ်များ
၃။ မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ
၄။ နိုင်ငံပိုင် ဌာနဆိုင်ရာယာဉ်များ
၅။ ကုန်တင်ယာဉ်များအားလုံး

၂၀၂၃ ခု၊ မတ်လ ၃၁ ရက်မှစပြီး ဖောင်းကြွနံပါတ်ပြားများသစ်များ ပြောင်းလဲတပ်ဆင်ရမည်ဟု သိရသည်။

ပုဂ္ဂလိက ကိုယ်ပိုင်မော်တော်ယာဉ်များအနေဖြင့်
၁။ နှစ်လဲသက်တမ်းတိုးချိန် သို့မဟုတ်
၂။ သက်တမ်းတိုးချိန်မရောက်ခင်ဖြစ်စေ
၃။ ဖောင်းကြွနံပါတ်ပြားများ ပြောင်းလဲတပ်ဆင်နိုင်ပါသည်။

ကိုယ်ပိုင်မော်တော်ယာဉ်များသည် ၂၀၂၃ ခု၊ မတ်လ ၃၁ ရက်နေ့အပြီး မဖြစ်မနေ ပြောင်းလဲတပ်ဆင်ရမည်ဟု မဆိုပါ။ သက်တမ်းတိုးချိန်မှ တခါတည်း လုပ်၍ရပါသည်။

၂၀၂၃ ခု၊ မတ်လ ၃၁ ရက် ကျော်လွန်သည့်အချိန် မပြောင်းလဲပါက စစ်ဆေးအရေးယူမည်ဟု ထုတ်ပြန်ထားခြင်းလည်း မရှိပါ။

Source: နေမျိုးသူရ