နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့က လူငယ် ၂ ဦး ငါးဖမ်းသွားရာ မတော်တဆ နင်းမိုင်းထိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့

ကျောက်မဲမြို့က လူငယ် ၂ ဦး ငါးဖမ်းသွားရာ မတော်တဆ နင်းမိုင်းထိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့

Hsan Loi Editor
15/03/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်၊ ခိုရောင်းကျေးရွာက အမျိုးသား လူငယ် ၂ ဦး ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် ငါးဖမ်းသွားရာ နင်းမိုင်းထိမိပြီး ပေါက်ကွဲရာမှ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါသည်။

 

နမ့်ခုံးပရဟိတအဖွဲ့က စိုင်းကူးက “စိုင်းလမ်နဲ့ စိုင်းလောဝ် တို့ဖြစ်ပါတယ်၊ တယောက်ကတော့ လက်နဲ့ ခြေကို အနီးကပ်ထိသွားပါတယ်၊ ကျန်တယောက်က တော့ မိုင်းစ စင်ပြီး ထိသွားတဲ့သဘောပါ” ဟု ပြောပါသည်။

 

ယင်းနောက် နမ့်ခုံးပရဟိတအဖွဲ့ထံ အကူအညီတောင်းလာရာ ဒဏ်ရာအနည်းငယ်ပြင်းထန်သူအား ကျောက်မဲပြည်သူ့ဆေးရုံမှ လားရိူးပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းပို့ဆောင်ပေးခဲ့ရသည်ဟု ပြောပါသည်။

 

Photos: နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲသင်းခွဲ