သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်၊ ခိုရောင်းကျေးရွာက အမျိုးသား လူငယ် ၂ ဦး ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် ငါးဖမ်းသွားရာ နင်းမိုင်းထိမိပြီး ပေါက်ကွဲရာမှ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါသည်။
နမ့်ခုံးပရဟိတအဖွဲ့က စိုင်းကူးက “စိုင်းလမ်နဲ့ စိုင်းလောဝ် တို့ဖြစ်ပါတယ်၊ တယောက်ကတော့ လက်နဲ့ ခြေကို အနီးကပ်ထိသွားပါတယ်၊ ကျန်တယောက်က တော့ မိုင်းစ စင်ပြီး ထိသွားတဲ့သဘောပါ” ဟု ပြောပါသည်။
ယင်းနောက် နမ့်ခုံးပရဟိတအဖွဲ့ထံ အကူအညီတောင်းလာရာ ဒဏ်ရာအနည်းငယ်ပြင်းထန်သူအား ကျောက်မဲပြည်သူ့ဆေးရုံမှ လားရိူးပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းပို့ဆောင်ပေးခဲ့ရသည်ဟု ပြောပါသည်။

Photos: နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲသင်းခွဲ