နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပန်းရံလုပ်ပြီး စုဆောင်း၍ရသည့်ငွေဖြင့် လေယာဉ်ပျံပုံ အိမ်ဆောက်လိုက်သော ကမ္ဘောဒီးယား အမျိုးသား 

ပန်းရံလုပ်ပြီး စုဆောင်း၍ရသည့်ငွေဖြင့် လေယာဉ်ပျံပုံ အိမ်ဆောက်လိုက်သော ကမ္ဘောဒီးယား အမျိုးသား 

Hsan Loi Editor
14/03/2023
Share:

 

အဆိုပါ ကမ္ဘောဒီးယားအမျိုးသားသည် အသက် ၄၃ နှစ်ဝန်းကျင်ဖြစ်ပြီး နှစ် ၃၀ ကြာ ပန်းရံလုပ်နေသူတဦးဖြစ်သည်။

 

၎င်းဆောက်လိုက်သော လေယာဉ်ပုံအိမ်ကလေးသည် အကျယ်အဝန်း ၄ မီတာ၊ အရှည် ၂၀ မီတာနှင့် အမြင့် ၆ မီတာရှိသည်။

 

ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ယမ်လစ်မြို့နှင့် ၄ ကီလိုမီတာအကွာ၌ ဖြစ်သည်။

 

၎င်းဘဝထဲတွင် လေယာဉ်ပျံကို တကြိမ်တခါမျှ မစီးဖူးသော်လည်း လေယာဉ်အတက်အဆင်းကို မကြာမကြာမြင်တွေ့ရာမှ လေယာဉ်ပုံစံအိမ်တည်ဆောက်ချင်သည့် ဆန္ဒထွက်ပေါ်လာခဲ့သည်ဟု သိရသည်။

 

၎င်း၏လေယာဉ်ပုံသဏ္ဍန် အိမ်ကလေးအတွင်း၌ အိပ်ခန်း ၂ ခန်း၊ သန့်စင်ခန်း ၂ ခန်းရှိပြီး ယခင်နှစ် မတ်လက စပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

ထိုင်းဘတ်ငွေပမာဏ ၇ သိန်းခန့် အသုံးပြုထားပြီးဖြစ်ကာ ကော်ဖီဆိုင်ကိုလည်း တိုးချဲ့တည်ဆောက်သွားမည်ဖြစ်သည်။

 

ပြည်တွင်းပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားမှုကို ရရှိနေပြီး နိုင်ငံခြားသားများအတွက် အမေရိကန် ၁ ဒေါ်လာနှုန်းနှင့် ပြည်တွင်းခရီးသွားဧည့်သည်များအတွက် ကမ္ဘောဒီးယားငွေ ၂ ထောင် ကောက်ခံ၍ ဝင်ရောက်လည်ပတ်ခွင့်ပြုထားပါသည်။

 

Photos: AFP/Tang Chhin Sothy