နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တွင်း လျှပ်စစ်ဓါတ်အားခများတိုးမြှင့်ကောက်ခံ၊မီတာမဆောင်သူများနှင့်အကြွေးကျန်သူ များ မီးဖြတ်ခံရ

သျှမ်းပြည်နယ်တွင်း လျှပ်စစ်ဓါတ်အားခများတိုးမြှင့်ကောက်ခံ၊မီတာမဆောင်သူများနှင့်အကြွေးကျန်သူ များ မီးဖြတ်ခံရ

Hsan Loi Editor
20/11/2022
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်တွင် အောက်တိုဘာလ သုံးစွဲယူနစ်မှစ၍ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မီတာမဆောင်သူများနှင့်အကြွေးကျန်သူ များ မီးဖြတ်ခံရကြောင်း သိရသည် ။

 

” အာဏာသိမ်းတုန်းကမီတာခမဆောင်ကြနဲ့ ဆိုလို့သွားမဆောင် ၅ လစာအကြွေးကျန်ထားတယ်၊ နောက် ပိုင်းမီးတွေလိုက်ဖြတ်တော့ သွားဆောင်ရတယ်၊ဒါလဲခုမီးဖြတ်ခံရတာပဲ ၊ ကျွန်တော့်အိမ်ဘေးကဆို အာဏာသိမ်းပြီးကတည်းက သွားမဆောင်တာအကြွေးတွေအများကြီးကျန်တာပေါ့” ဟု တောင် ကြီး မြို့ခံတစ်ဦးကပြောသည် ။

 

တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်လပိုင်း များမှစတင်ကာမီတာခ မဆောင်သည့် အိမ်များနှင့်ယခင်အကြွေးကျန်ရှိနေသည့် အိမ်များကို မီတာရုံးမှဝန်ထမ်းနှင့် စစ်ကောင်စီ လုံခြုံရေး အရပ်ဝတ်များဖြင့် လျှပ်စစ်မီးလိုက်လံ ဖြတ်တောက်ခြင်းများ ပြုလုပ် လာကြောင်း မြို့ခံများကဆိုသည် ။

 

တာချီလိတ်မြို့နယ်၊မြို့မီးလင်းရေးကော်မတီမှလည်းထိုင်းနိုင်ငံ PEAမှ လျှပ်စစ်ဓာတ်အားဝယ်ယူပြီးနောက် တာချီလိတ်မြို့နယ်အတွင်း ဖြန့်ဝေပေးခဲ့ပြီး ယခုကာလ လောင်စာဆီစျေးနှုန်းတိုးမြှင့်မှုအ ကြောင်းပြ၍ မီတာခ တိုးမြှင့် ကောက်ခံမည်ဖြစ် ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့ ကကြေငြာထား သည် ။

 

ယခင်ကအိမ်သုံးမီတာခ (၅.၃၅)ဘတ်နှုန်းကောက်ခံထားခဲ့သော်လည်း ယခုအခါ (၅.၈၀)ဘတ်နှုန်းဖြင့် လည်းကောင်း၊ပါဝါမီတာခ အား (၆.၆၀)ဘတ်မှ (၇. ၂၀) ဘတ်နှုန်းဖြင့်လည်းကောင်း ပြောင်းလဲကောက် ခံမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည် ။

 

ယခုနှစ်ဇူလိုင်လမှစတင်ကာထိုင်းနိုင်ငံ PEAမှ ကမ္ဘာ့ လောင်စာဆီ (f.t)တန်ဖိုးမြင့်တက်လာပြီးလောင် စာဆီဈေးနှုန်း ပြန်လည်တည်ငြိမ်လာပါက ထိုင်းနိုင်ငံ PEA၏ (f.t)တန်ဖိုးပြောင်းလဲမှုပေါ်မူတည်၍ (၄)လတစ်ကြိမ် ဓာတ်အားခ ကောက်ခံမှုနှုန်းထား အား ပြောင်းလဲပေးမည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

 

##HsanLoiVoice