နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တိုက်ပွဲပြင်းထန်လာသည့် ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာ မီးရိူ့ခံနေရ 

တိုက်ပွဲပြင်းထန်လာသည့် ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာ မီးရိူ့ခံနေရ 

Hsan Loi Editor
12/03/2023
Share:

 

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ပအိုဝ်းလူမျိုးအများစုနေထိုင်သော နမ်းနိန်းရွာသည် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်နေသည့်ကြားက လက်နက်ကိုင်အဖွဲ့တချို့က မီးရိူ့လိုက်ကြောင်း ကြားသိရပါသည်။

 

“အိမ်ခြေ ၅၀ လောက် အရိူ့ခံလိုက်ရတယ်လို့တော့ ကြားထားပါတယ်၊ ဘုန်းကြီးကျောင်းအသစ်လည်းပါသွားပါပြီ ရေစက်တောင်မချရသေးဘူး၊ အိမ်ခြေကတော့ ရာချီရှိပါတယ်” ဟု ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် တဦးက ပြောပါသည်။

 

အချို့လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ရွာခံများစိုက်ပျိုးထားသော ကောက်ပဲသီးနှံများနှင့် ဆိုင်ကယ်များကို ယူသွားကြကြောင်း ရေးသားဖော်ပြမှုကိုလည်း တွေ့ရပါသည်။

 

စစ်ကောင်စီ၊ PNA ၊ KNDF နှင့် PDF လူငယ်များ အဖွဲ့စုံ ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်နေကြောင်း ပြောပါသည်။ ပစ်ခတ်တိုက်ခိုက်မှု ပြန်လည် ဖြစ်နေသည်မှာ ၄ ရက်ခန့် ရှိပြီဟု ပြောပါသည်။

 

နမ်းနိန်းရွာသူရွာသားအချို့လည်း ရွာထဲတွင် မနေနိုင်တော့ဘဲ အဝေးကသာ လှမ်းမျှော်ကြည့်နေသည့် အနေအထား ဖြစ်သည်ဟု သိရပါသည်။

 

နမ်းနိန်းရွာ၊ တောင်မဲသင်းရွာ၊ လုံးပြင်ရွာ၊ ပင်ပုံရွာ၊ တောင်စလုံးရွာ၊ မြောက်စလုံးရွာမှ ရွာခံ ၅၀၀၀ ကျော်သည် နီးစပ်သည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခိုလုံနေရကြောင်း သိရပါသည်။

 

Photos: နန်းဥမ္မာ