မတ်လ ၆ ရက်နေ့တွင် သီပေါ ဒုဌဝတီမြစ်တံတားပေါ်မှခုန်ချပြီး ရေနစ်ပျောက်ဆုံးသွားခဲ့သော အမျိုးသားတဦးကို သေဆုံးပြီး ၅ ရက်မြောက်နေ့မှ သီပေါမြို့နယ် ကျင်သီကျေးရွာအောက်ဖက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။
သေဆုံးသွားသူအား ပရဟိတအဖွဲ့က ပြန်လည် သယ်ဆောင်ရန်ကြိုးစားခဲ့သော်လည်း ကျောက်ဆောင်များပြီး ရေစီးသန်နေသောကြောင့် အလောင်းတွေ့ရှိရာ ဒုဌဝတီမြစ် ကမ်းဘေး၌သာ မီးသဂြိုလ်ပေးခဲ့သည်ဟု ဆိုပါသည်။

Photos: နယ်စည်းမခြား ပရဟိတ