သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မယ်ဆိုင်ဘက်တွင် ဆက်သွယ်ရေးကိရိယာများနှင့် လက်နက်များကို ဖမ်းဆီးနေ

မယ်ဆိုင်ဘက်တွင် ဆက်သွယ်ရေးကိရိယာများနှင့် လက်နက်များကို ဖမ်းဆီးနေ

Hsan Loi Editor
09/03/2023
Share:

 

ယမန်နေ့ မတ်လ ၈ ရက် နံနက်ပိုင်းက မယ်ဆိုင်ဘက်ကမ်းတွင် ခွင့်ပြုချက်မရသော ဆက်သွယ်ရေးပစ္စည်း ၂ စုံ၊ သေနတ် (ရှည်) ၁ လက်၊ ကျည်ဆံ ၂ တောင့်၊ ကျည်အိမ် ၂ ခု ၊ အခြားကျည်ဆံ အမျိုးအစား ၁ စုံတို့ကို ဖမ်းဆီးလိုက်ကြောင်း မယ်ဆိုင်ပရပ်စ်က ဖော်ပြခဲ့သည်။

ထိုင်းဘက်ကမ်းရှိ ဆက်သွယ်ရေးကိရိယာနှင့် အင်တာနက်လိုင်းများကတဆင့် အိမ်နီးချင်း (မြန်မာဘက်ခြမ်းရှိ) call-center ဂိုဏ်းများသို့ ချိတ်ဆက်ဆောင်ရွက်နေမှုကို ဟန့်တားရန်ဖြစ်သည်ဟုဆိုသည်။

ထိုင်း အာဏာပိုင်များ၏ စစ်ဆေးတွေ့ရှိချက်အရ ယင်းကိရိယာများသည် ကီလိုမီတာ ၂၀ နှင့်အထက် ပို့လွတ်နိုင်သော ဆက်သွယ်ရေးကိရိယာများဖြစ်ပြီး ကန့်သတ်ချက်ကို ကျော်လွန်နေသည်ဟုဆိုသည်။

ယင်းမတိုင်မီ မြန်မာဘက်ကမ်းသို့ တရားမဝင်ပို့မည့် ထိုင်းမော်တော်ဆိုင်ကယ် အမြောက်အများကိုလည်း ဖမ်းဆီးခဲ့သည်။