နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

KIA က TNLA ၏ မူးယစ်ဆေးဝါးချက်လုပ်သည့် ပစ္စည်းများကိုသိမ်းဆည်းပြီး မီးရိူ့ဖျက်ဆီးဟုဆို

KIA က TNLA ၏ မူးယစ်ဆေးဝါးချက်လုပ်သည့် ပစ္စည်းများကိုသိမ်းဆည်းပြီး မီးရိူ့ဖျက်ဆီးဟုဆို

Hsan Loi Editor
08/03/2023
Share:

 

မတ်လ ၂ ရက်နေ့ ည ၉း၄၅ မိနစ်ခန့်တွင် မူစယ်မြို့၊ စယ်လန့်မှ ဆိုင်းမော်တောင် TNLA တပ်ရင်း အမှတ် ၁ သို့ ဦးတည်မောင်းနှင်သွားသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ကား ၃ စီးအနက် နောက်ဆုံးကား ၁ စီးကို KIA တပ်ရင်း ၆ လက်အောက်ခံတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ယင်းပစ္စည်းများနှင့်အတူ TNLA က လူ ၃ ဦးကိုပါ ဖမ်းဆီးထားသည်ဟု ဆိုသည်။

TNLA အဖွဲ့ဝင်များလည်း အချင်းအကျင်းဖြစ်ပွားရာဘက်သို့ အင်အားနှင့် ရောက်ရှိသွားခဲ့‌ကြောင်း သိရ သည်။

မတ်လ ၄ ရက်နေ့ ညနေ ၃း၀၀ မှ ၆း၀၀ နာရီ ကြားတွင် KIA ကဖမ်းဆီးရမိခဲ့သော TNLA ပိုင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရိူ့ဖျက်ဆီးလိုက်ကြောင်း တအာင်းအမျိုးသား တဦးက ပြောကြောင်း Tai Freedom page က ရေးသားဖော်ပြထားသည်။

ဒေသတွင်းသတင်းအရင်းအမြှစ်များအရ TNLA တပ်ရင်း ၁ သည် ဆိုင်းမော်တောင်တွင် မူးယစ်ဆေးဝါးချက်လုပ်သည်မှာ အချိန်အတိုင်းအတာတခုရှိနေပြီဖြစ်ကြောင်းနှင့် ဒေသခံများ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ပိတ်ပင်ထားကြောင်း ပြောပါသည်။


Sources: Tai freedom, Kachin News Group