အိုက်စ် ၁.၂ တန်၊ စိတ်ကြွဆေးပြား ၅.၇ သန်း၊ ကက်တမင်းဆေးပြား ၃၀၀ ကီလိုဂရမ်၊ ကား ၈ စီးနှင့် ဖုန်း ၁၈ လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်ကို တွေ့ရှိရပါသည်။
အဆိုပါ မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံ ဆုန်ခလာ၊ တက်ခရိုင်နှင့် အယုဒ္ဓယ ၄ မြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများဖြစ်သည်။
စစ်ကောင်စီ မူးယစ်အဖွဲ့စာမျက်နှာကလည်း မတ်လ ၃ ရက်နေ့က တာချီလိတ်မြို့နယ်အတွင်း ကျပ်သိန်း ၈၈၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: Khaosod ၊ CCDAC