နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရန်ကုန်-တောင်ကြီး ပြေးဆွဲသည့်အဝေးပြေးခရီးသည်တင်ယာဉ် မတော်တဆတိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် (၅) ဦး ပွဲချင်းပြီးသေဆုံး

ရန်ကုန်-တောင်ကြီး ပြေးဆွဲသည့်အဝေးပြေးခရီးသည်တင်ယာဉ် မတော်တဆတိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် (၅) ဦး ပွဲချင်းပြီးသေဆုံး

Hsan Loi Editor
04/03/2023
Share:

 

၂၀၂၃ ခုနှစ် မတ်လ (၄) ရက်နေ့ ယနေ့ နံနက်ပိုင်း (၅) နာရီခန့်တွင် ရန်ကုန်မြို့မှ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇ တွင် မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုကြောင့် ယာဉ်ပေါ်လိုက်ပါစီးနင်းသူ (၅) ဦး ဖြစ်စဉ်ဖြစ်ပွားသော နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့သည်။ ဒါ့အပြင် ယာဉ်ပေါ်ပါသော ခရီးသည် (၃၀) ဦးခန့်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆွာမြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသလို ဒဏ်ရာပြင်းထန်သူများကို နေပြည်တော်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။