သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့၌ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးကာ ဒဏ်ငွေများပေးဆောင်စေပြီး ပြန်လွတ်

လားရှိုးမြို့၌ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးကာ ဒဏ်ငွေများပေးဆောင်စေပြီး ပြန်လွတ်

Hsan Loi Editor
03/03/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ မတ်လ ၁ ရက်နေ့က စတင်ပြီး မြို့တွင်းလမ်းမကြီးများတွင် ယာဉ်ထိန်းရဲအပါအဝင် ပူးပေါင်းအဖွဲ့မှ လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များအား ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။

လိုင်စင်မဲ့ယာဉ်များအပြင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသော ဆိုင်ကယ်မောင်းနှင်နေသူများ၊ လိုင်စင်မဲ့ ၃ ဘီးဆိုင်ကယ်များပါ ဖမ်းဆီးလျက်ရှိသည်။ ဖမ်းဆီးခံရသော ယာဉ်များကို သိမ်းဆည်းခြင်းမပြုသော်လည်း ဒဏ်ကြေးများစွာပေးဆောင်စေပြီး ပြန်လွတ်ပါသည်။

“ ကျမတို့က ဦးထုပ်မဆောင်းတော့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့နေရာကတော့ တိုင်းရုံးလမ်းမီးပွိုင့်မှာပါ ။ အရင်တုန်းက တခါမှလည်းမစစ်ဘူး အဖမ်းအဆီးလည်းမရှိဘူးဆိုတော့ ခါတိုင်းလိုပဲသွားကြပေါ့။ ပြီးတော့ without တွေကိုလည်း ဖမ်းတယ်။ သုံးဘီးသမားတောင်မှဖမ်းတယ်။ ကျမတို့ကို (၆) သောင်းဒဏ်ကြေးဆောင်ခိုင်းတယ် တောင်းတောင်းပန်ပန်နဲ့ (၃) သောင်းတောင်ပေးခဲ့ရတာရှင့်။သူတို့က လမ်းမကြီးတွေမှာ စောင့်ပြီးတော့ တားပြီး စစ်တယ်။ ဖမ်းပြီးတော့ ဆိုင်ကယ်တွေ ကားတွေသိမ်းသွားတာမျိုးတော့မဟုတ်ဘူး ဖမ်းပြီးဒဏ်ကြေးဆောင်ခိုင်းပြီးပြန်လွတ်ပေးတာပါ။” ဟု လားရှိုးမြို့ခံ အမျိုးသမီး တစ်ဦးကပြောပြသည်။

လားရှိုးမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များစွာရှိပြီး ဖမ်းမည်ဆိုပါက တစ်မြို့လုံးဖမ်းဆီးရမှာဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။