ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပင်လောင်းမြို့နယ်က စစ်ဘေးရှောင်များ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်နေ

ပင်လောင်းမြို့နယ်က စစ်ဘေးရှောင်များ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်နေ

Hsan Loi Editor
03/03/2023
Share:

 

ပင်လောင်းမြို့နယ် ကောင်မုဲင်းသင့်၊ ပင်ပွံ၊ လုံးပျဲဥ်၊ နမ်းနိန်းကျေးရွာများ စစ်ဘေးရှောင်များသည် ဆောင်းပြောင်း၊ နန်းထာ၊ ပင်ခွဥ်၊ ထီဗိ့၊ ကောင်လွို့၊ ဝါးလီး၊ ပင်လောင်း အစရှိ​သောနေရာများသို့ ရှောင်တိမ်းလာသဖြင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရပါသည်။

 

“ စစ်ဘေးရှောင်ကတော့ ပင်လောင်းမြို့ထဲအပါအဝင် အနီးအနားဝန်းကျင်ကို လာရောက်ခိုလုံနေကြတဲ့သူတွေ ၂၀၀၀ ဝန်းကျင်တော့ ရှိပါမယ်” ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ခံတဦးက ပြောပါသည်။

 

KNDF လာရောက်နေရာယူသော တောင်မဲသင်းရွာကို စစ်ကောင်စီဘက်က ရဟတ်ယာဉ် အမျိုးအစားဖြင့် ဗုံးကြဲခဲ့သဖြင့် ရွာခံများ၏နေအိမ်တချို့ ထိခိုက်ပျက်စီးဆုံးရူံးသွားခဲ့ရကြောင်း သိရသည်။

 

ယမန်နေ့ညကလည်း ဆောင်းပြောင်းရွာမှ ရွာခံများ ညတွင်းချင်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလိုပါက ဖော်ပြပါ Kpay၊ Wave money ထဲသို့ လွဲပြောင်း လှူဒါန်းပေးပို့နိုင်ကြောင်း ပြောပါသည်။

 

၁။ ခွန်ဂျစ်တူး 09444144644. Kpay 09444144644

၂။ ခွန်တင်ဝင်း (ဆောင်းပြောင်း) Kpay 09777581218

၃။ ခွန်ထွိုက်ခမ်း (ကလော) Kpay 09677111224

၄။ ဗွေးအာစာရ ကျောင့်နန်းထာ wave 09662369035

 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ လုံးပျဉ်၊ တောင်မဲလုံး၊ ပင်ပုံ၊ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံးရွာများ၌ စစ်ကောင်စီ၊ PNA နှင့် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။