နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းလူငယ်များနေ့ (Tai Youth Day) အခမ်းအနား သီပေါမြို့နယ် မိုင်းခေးကျေးရွာတွင် ကျင်းပ

သျှမ်းလူငယ်များနေ့ (Tai Youth Day) အခမ်းအနား သီပေါမြို့နယ် မိုင်းခေးကျေးရွာတွင် ကျင်းပ

Hsan Loi Editor
01/03/2023
Share:

 

သျှမ်းလူငယ်များနေ့ (Tai Youth Day) ဟောပြောပွဲအခမ်းအနားကို သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာတွင် ယနေ့ မတ်လ (၁) ရက်နေ့ နံနက် (၉း၃၀) နာရီ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားဖွင့်ပွဲတွင် သျှမ်းလူငယ်ကွန်ယက် (Tai Youth Network) မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ စိုင်းကျော်လှမှ ပြောပြရာတွင် ယခုသျှမ်းလူငယ်များနေ့သည် (၄) ကြိမ်မြောက်ဖြစ်ကြောင်း၊ သျှမ်းလူငယ်များနေ့အခမ်းအနားရည်ရွယ်ချက်အဖြစ် လူငယ်များကို ကိုယ်စားပြုသော အသံထွက်ပေါ်လာရန်၊ လူငယ်များ၏ စွမ်းဆောင်ရည်မြင့်တင်ရန်နှင့် အခြားတိုင်းရင်းသားလူမျိုးစုများနှင့် ရင်းနှီးချစ်ကြည်မှုတည်ဆောက်ရန်ဖြစ်ကြောင်း သိရသည်။

 

အဲ့ဒီနောက် စိုင်းကော်မိန်း၊ နန်းခမ်းယုံတို့မှ သျှမ်းလူငယ်များအတွက် ဟောပြောပြီး စိုင်းခေးဆိုင် (သဘာဝ) ၊ စိုင်းလိတ် (SNLD) တို့မှ သျှမ်းလူငယ်များနေ့အထိမ်းအမှတ် ဆက်လက်ဟောပြောမည်ဖြစ်သည်။

 

Tai Youth Day အထိမ်းအမှတ်တွင် အနယ်နယ်အရပ်ရပ်ရှိ သျှမ်းလူငယ်များတက်ရောက်ခဲ့ပြီး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

 

credit & Tai Youth Network