သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်မြို့နယ် ဗုံး ၄ လုံး ပေါက်ပြီးနောက် လုံခြုံရေးတင်းကြပ်ဟုဆို

တာချီလိတ်မြို့နယ် ဗုံး ၄ လုံး ပေါက်ပြီးနောက် လုံခြုံရေးတင်းကြပ်ဟုဆို

Hsan Loi Editor
28/02/2023
Share:

 

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ယမန်နေ့ည ၉ နာရီခွဲ ဝန်းကျင်၌ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ မြဝတီဘဏ်အရှေ့ဘက်၊ ကြံ့ခိုင်ရေးရုံးအနီး ဗုံးပေါက်ကွဲမှုဆက်တိုက် ဖြစ်ပွားခဲ့ရာ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ ဟုတ်ပါတယ်၊ အုပ်ချုပ်ရေးမူး စိုင်းခမ်းမိန်းလည်း ဗုံးစထိသွားပါတယ်၊ နေရထိုင်ရတာလည်း ဆင်ခြင်နေရပါတယ်” ဟု ရပ်မိရပ်ဖတဦးက Hsan Loi Voice ကို ပြောပါသည်။

ယနေ့တာချီလိတ်၌ လုံခြုံရေးတင်းကြပ်နေကြောင်း သိရသည်။


Photos: ရှမ်းအရှေ့သတင်းမဏ္ဍိုင်