နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်နေတဲ့ဒေသက တောင်မဲသင်းရွာသား ၃ ဦး အသတ်ခံရပြီး ၃ ဦးပျောက်ဆုံးနေ

ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်နေတဲ့ဒေသက တောင်မဲသင်းရွာသား ၃ ဦး အသတ်ခံရပြီး ၃ ဦးပျောက်ဆုံးနေ

Hsan Loi Editor
28/02/2023
Share:

 

ယမန်နေ့က စစ်ကောင်စီ PNA အဖွဲ့တို့နှင့် KNDF တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သော ပင်လောင်းမြို့နယ် ကျေးရွာအချို့မှ တောင်မဲသင်းရွာသား ၃ ဦး အသတ်ခံလိုက်ရပြီး ၃ ဦးထပ်မံပျောက်ဆုံးနေသည်ဟုသိရသည်။

“ ရွာသားတွေကတော့ အမျိုးမျိုးပြောနေကြတယ် ကျနော့်ဘက်ကလည်း အတည်မပြုနိုင်သေးဘူး” ဟု ပအိုဝ်းဒေသစာနယ်ဇင်းသမားတဦးက ပြောပါသည်။

အသတ်ခံရသူများသည် စစ်ဖာလုံး အသက် ၄၇ နှစ်၊ ခွန်တနိုင် အသက် ၂၉ နှစ်၊ ခွန်တလျူ အသက် ၃၈ နှစ်တို့ဖြစ်သည်ဟု သိရသည်။

တောင်မဲသင်းရွာ၌ PNO စစ်သားများသာ တပ်စွဲထားသောကြောင့် ၎င်းတို့သာဖြစ်ကြောင်း KNDF ဘက်က ပြောဆိုနေပြီး ၎င်းတို့ ၃ ဦးသည် ဒလန်များ ဖြစ်သည်ဆိုကာ KNDF ဘက်မှ သတ်ပစ်ကြောင်း အမျိုးမျိုး ပြောဆိုနေကြသည်ဟုဆိုပါသည်။