နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်တပ်မတော် SSA ကို ကနဦး တည်ထောင်ခဲ့သူ ( Noom Surk Harn, Chao Noi ,Saw Yanda ) နွမ်စစ်ဟန် စဝ်နွဲ့ စောယန်တာ့) စေတီကို ထိုင်းနယ်စပ် ပိန်းလုံ၌ တည်ထားကိုးကွယ် 

သျှမ်းပြည်တပ်မတော် SSA ကို ကနဦး တည်ထောင်ခဲ့သူ ( Noom Surk Harn, Chao Noi ,Saw Yanda ) နွမ်စစ်ဟန် စဝ်နွဲ့ စောယန်တာ့) စေတီကို ထိုင်းနယ်စပ် ပိန်းလုံ၌ တည်ထားကိုးကွယ် 

Hsan Loi Editor
26/02/2023
Share:

 

သျှမ်းပြည်တပ်မတော် SSA ကို ပထမဦးဆုံး တည်ထောင်ခဲ့သူ ( နွမ်စစ်ဟန် စဝ်နွဲ့ စောယန်တာ့) စေတီကို ထိုင်းနယ်စပ် ကုန်းကျော် ပိန်းလုံ၌ တည်ထားလိုက်ပြီဖြစ်ကြောင်း Tai TV online မှတဆင့် ယနေ့ သိရသည်။

 

အခမ်းအနားတွင် စဝ်နွဲ့ (Chao Noi, Saw Yanda) ၏သား ခွန်ဆိုင်မိန်း မန်း(င်) ကွန်းက အမှာစကားပြောကြားပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ပါ တက်ရောက်လာသည်ကို တွေ့ရပါသည်။

 

ပထမဆုံး သျှမ်းလက်နက်ကိုင်ခုခံတော်လှန်ရေးအဖွဲ့ “Noom Suk Harn” နွမ်စစ်ဟန်အဖွဲ့ကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်တွင် စဝ်နွဲ့ (Chao Noi, Saw Yanda) က စတင် ဦးဆောင်ခဲ့သည်ဟု Dr. Chao Tzang Yawnghwe (မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ၏သား အန်ကယ် ယူဂျင်းသိုက်) က ရေးသားခဲ့သည်။ အဆိုပါရက်ကို အစွဲပြု၍ “သျှမ်းတော်လှန်ရေးနေ့” အဖြစ် အသိအမှတ်ပြုပြီး သျှမ်းတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ကြသည်။ တရုတ်နယ်စပ် ယူနန်သျှမ်းပြည်နယ်ဇာတိဖြစ်ပြီး စော်ဘွားတဦး၏သားဟု အသိအမှတ်ပြုမခံရသူဟု ဆိုကြသည်။

 

၁၉၅၀ ကာလလယ်များကတည်းက ကချင်ပြည်နယ်ရှိ သျှမ်းအမျိုးသားများအကြား သျှမ်းအမျိုးသားရေးခေါင်းဆောင် ၁ ဦးအဖြစ် သူ့နာမည် ထင်ရှားခဲ့သည်။ သျှမ်းအမျိုးသားရေးလှုပ်ရှားမှုများကြောင့် တစ်ကြိမ် အဖမ်းခံရသည်။

 

စကားပြောကောင်းသူ ၁ ဦး ဖြစ်ပြီး သျှမ်းပြည်စော်ဘွားများအပေါ် အနည်းငယ်သာယုံကြည်ခဲ့သောကြောင့် ထိုင်းနိုင်ငံရှိ သျှမ်းအမျိုးသားတို့ကို စည်းရုံးရာတွင် အောင်မြင်ခဲ့သည်ဟုဆိုသည်။ အမေရိကန်နှင့် အခြား အထောက်အပံ့များဖြင့် သျှမ်း-ထိုင်းနယ်စပ်တွင် သျှမ်းခုခံတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တည်ထောင်နိုင်ခဲ့သည်။

 

နွမ်စစ်ဟန် သျှမ်းခုခံတော်လှန်ရေးအဖွဲ့ စတင်ဖွဲ့စည်းစဥ်အခါက သျှမ်းလူငယ် အယောက် ၃၀ ၊ သေနတ် ၇ လက်နှင့်သာ စဝ်နွဲ့ စောယန်တာ့က ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့သည်ဟု သျှမ်းနိုင်ငံရေးအသိုင်းအဝိုင်းများမှ သိရသည်။

 

သူသည် စော်ဘွားတဦးပုံသဏ္ဍန် စဝ်နွဲ့ ဟု အမည်ခံခဲ့သည်။ သျှမ်းပြည်နယ်တဝှမ်းမှ သျှမ်းအမျိုးသားရေးလက်ယာသမားများ ဖိနှိမ် နှိပ်ကွပ်ခံရမှုများကြောင့် နယ်စပ်သို့ အမြောက်အများရောက်ရှိလာကြသည်။ စောယန်တါ့၏ ငွေကြေးအလုံအလောက် မထောက်ပံ့နိုင်သောကြောင့် ယုံကြည်မှုအားနည်းသွား၍ ကျောင်းသားများ ခွဲထွက်သွားကြသည်။

 

၁၉၆၀ ကာလလယ်တို့ရောက်ရှိလာချိန် နွမ်စစ်ဟန် ခုခံတော်လှန်ရေးအဖွဲ့ကို စဝ်နွဲ့ စောယန်တါ့ မထိန်းချုပ်နိုင်တော့ပေ။ ထိုင်းနိုင်ငံ ချင်းဒေါင်းမြို့နယ် တစ်နေရာရှိ သူ့အိမ်ကို နွမ်စစ်ဟန်အဖွဲ့ဟောင်းနှင့် ကူမင်တန်အဖွဲ့ဟောင်းတို့ ပူးပေါင်း စီးနှင်းမှုကိုလည်း ခံလိုက်ရသည်။

 

ကံအားလျော်စွာ အိမ်၌ သူမရှိခဲ့ပေ။ ၁၉၆၈ ခုနှစ်တွင် စဝ်နွဲ့ စောယန်တါ့သည် ကူမင်တန် တပ်ရင်း ၃ က ဗိုလ်ချုပ် လီနှင့် ဗိုလ်မိုးဟိန်းတို့၏ အကူအညီဖြင့် SSA အကြီးအကဲအဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။

 

SURA ဖွဲ့စည်းသောအခါ ဗိုလ်မိုးဟိန်းက စဝ်နွဲ့ စောယန်တာ့ကို ဒုတိယ ဥက္ကဌနေရာ ခန့်ထားခဲ့သည်။ သို့သော် သိပ်မကြာပါ ထွက်သွားရသည်။ ယင်းနောက်ပိုင်း ထိုင်းနိုင်ငံတွင် အခြားသူများနှင့် မတွေ့အောင် ရှောင်နေခဲ့သည်။

 

စဝ်နွဲ့ စောယန်တါ့ သည် ၁၉၉၆ ခုနှစ်တွင် ကံကုန်ကာ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သျှမ်းတော်လှန်ရေးပုဂ္ဂိုလ်တစ်ဦး၏ ပြောပြချက်အရ လေ့လာသိရှိရပါသည်။

 

Photos: Tai TV online