နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လဲချားတွင် အိမ်တလုံးမီးလောင်ပြီး အိမ်ရှင်လည်း မီးဟပ်သေဆုံး 

လဲချားတွင် အိမ်တလုံးမီးလောင်ပြီး အိမ်ရှင်လည်း မီးဟပ်သေဆုံး 

Hsan Loi Editor
26/02/2023
Share:

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ယမန်နေ့ည ၇ နာရီခန့်က လဲချားမြို့နယ်၊ နောင်မိန်းရပ်က လုံးဝါလိန် အိမ်မီးလောင်ကျွမ်းပြီး အိမ်ရှင်ဖြစ်သူ လုံးဝါလိန်လည်း မီးလောင်ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု သိရသည်။

 

“သူက အရက်ကိုအလွန်အကျွံသောက်တဲ့သူတယောက်ဖြစ်တယ်၊ မိသားစုတွေကတော့ ရွာသစ်ဘက်ကို အကုန်လုံးပြောင်းပြီးသွားနေ နေကြတယ်။ သူ့ဖာသာ သူမီးရိူ့လိုက်တာပါ” ဟု သူနှင့်နီးစပ်သည့်အိမ်နီးနားချင်းတဦးက ငေါင်းလျန်းဟွန်မိုင် သျှမ်းသတင်းဌာနကို ပြောပြထားပါသည်။

 

မီးလောင်ကျွမ်းပြီး ထိခိုက်ဒဏ်ရာရရှိသူ လုံးဝါလိန်ကို မီးသတ်တပ်ဖွဲ့၊ အိမ်နီးနားချင်းတို့က လဲချားဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ဆိုပါသည်။