တောင်ကြီးမြို့တွင် ဓါတ်တိုင်ပေါ်တက်သည့် လျှပ် စစ်ဝန်ထမ်းလုပ် သားတစ်ဦးမတော်တစ်ဆဓါတ်လိုက်မှုဖြစ်ပွားခဲကြောင်း သိရသည် ။
၄င်းလျှပ်စစ်ဝန်ထမ်း အမျိုးသားတစ်ဦးသည် ယနေ့ (ဖေဖော်ဝါရီ ၂၅ ) နံနက် ၁၀ နာရီချိန် ခန့်က တောင်ကြီးမြို့ ၊ စိန်ပန်းရပ်ကွက် ရှိဓါတ်တိုင်ပေါ်တက်၍ အလုပ်လုပ်နေစဥ် မတော်တစ်ဆ ဓါတ်လိုက်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည် ။
ဓါတ်လိုက်နေသည့် လျှပ်စစ်ဝန်ထမ်းအမျိုးသားကို တောင်ကြီးကြက်ခြေနီအသင်းကအချိန်မှီ ကူညီကယ် ဆယ်ခဲ့ပြီး စဝ်စံထွန်းပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။
