သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ်၏ ပင့်ဖိတ်မှုဖြင့် မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် RCSS ဌာနချုပ် လွိုင်တိုင်းလျန်းသို့ ကြွမည်ဟု သိရသည်။
ဆရာတော်ဘုရားကြွမည့် နေ့ရက်အတိအကျကို မိန့်ကြားခြင်းမရှိသေးသော်လည်း အဆိုပါခရီးစဉ်အတွင်း လွိုင်တိုင်းလျန်းဌာနချုပ်တွင် မွေတော်စေတီဘုရား တည်ထားကိုးကွယ်မည်ဟု သတင်းရရှိသည်။
