သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သံဃာတော်များ ပရိယတ္တိ ဓမ္မပါလ စာမေးပွဲကျင်းပရာ စစ်ဘေးရှောင်သွားသော ရပ်မိရပ်ဖများ များပြားလွန်း၍ သံဃာတော်များအတွက် ဆွမ်း၊ ခဲဖွယ် အခက်တွေ့နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သံဃာတော်များ ပရိယတ္တိ ဓမ္မပါလ စာမေးပွဲကျင်းပရာ စစ်ဘေးရှောင်သွားသော ရပ်မိရပ်ဖများ များပြားလွန်း၍ သံဃာတော်များအတွက် ဆွမ်း၊ ခဲဖွယ် အခက်တွေ့နေ

Hsan Loi Editor
22/02/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပရိယတ္တိ ဓမ္မပါလ စာမေးပွဲ စတုတ္ထနေ့ ကျင်းပပြုလုပ်နေကြောင်း ကျောက်မဲမြို့နယ် သံဃာတော်များထံကတဆင့် သိရသည်။

 

“ မြို့ထဲမှာတော့ ခိုအုံကျောင်းမှာ ကျင်းပပါတယ်၊ ပုံဝိုးအုပ်စုမှာတော့ ပုံဝိုးကျောင်းပေါ့၊ နောင်ပိန်အုပ်စုမှာတော့ နောင်ပိန်ကျောင်းမှာ ကျင်းပပါတယ်” ဟု ကျောက်မဲမြို့အမှတ် ၂ ရပ်ကွက်မှ နမ့်စလင်းကျောင်း ဆရာတော် အရှင်ဥာဏဝရက မိန့်ပါသည်။

 

သံဃာတော်များအတွက် ဆွမ်းသုံးဆောင်ရန် ယခင်က ရပ်မိရပ်ဖများကို အားကိုးအားထားပြုခဲ့ရသော်လည်း ယခုနှစ်၌ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများစွာ ကြုံတွေ့ရခြင်း၊ သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်သားသစ်စုဆောင်းရာ ရပ်မိရပ်ဖများ အဝေးသို့ ထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့် ဆွမ်းခဲဖွယ်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေကြောင်း ကြားသိရပါသည်။

 

ထို့ကြောင့် လာရောက်ဖြေဆိုသည့်ကျောင်းတိုက်မှ သံဃာတော်များ ကိုယ်ထူကိုယ်ထ ဆွမ်းသုံးလာကြရန်သာ စီစဉ်လိုက်ကြရပြီး စာမေးပွဲလာရောက်ဖြေဆိုခိုင်းကြသည်ဟု ဆိုသည်။

 

ပုံဝိုးကျောင်းတွင် လာရောက်ဖြေဆိုသည့် သံဃာတော်ပေါင်း ၂၁၀ ပါး၊ နောင်ပိန်လုံကျေးရွာအုပ်စုကျောင်းတွင် ၅၈ ပါး၊ ခိုအုံကျောင်းတွင် ၅၆၀ ပါး စုစုပေါင်း ၈၁၅ ပါး လာရောက်ဖြေဆိုနေခြင်းဖြစ်သည်။

 

ဖြေဆိုရသည့်ဘာသာရပ် ၇ ဘာသာရှိပြီး ယနေ့ အင်္ဂလိပ်စာကို ဖြေကြားနေကြရာ ဘာသာရပ် ၃ မျိုးသာ ကျန်ရှိကြောင်း ပြောပါသည်။

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ဖြေဆိုမှု ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။