နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ်တွင် ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

တာချီလိတ်တွင် ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

Hsan Loi Editor
17/02/2023
Share:

 

သျှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ လွယ်စတုံရွာအဝင်တံတားအနီးတွင်ယမနေ့ ည ဖေဖော်ဝါရီ၊ ၁၆ ရက် ည ၇ နာရီခွဲအချိန်ခန့်က လူငယ်အမျိုးသား တစ်ဦးအား ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည် ။

“ ဆိုင်ကယ် အလုခံရတဲ့ လူငယ် ကအသက် ၁၆ နှစ်ပဲရှိသေးတယ် ၊ ဆိုင်ကယ်လုတဲ့ လူက ၂ ယောက် ဆိုင်ကယ်တော့ပါမသွားဘူး ဦးခေါင်းကို ဓါးနဲ့အခုတ်ခံထားရတယ် ” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည် ။

လုယက်သူများမှာ အဆိုပါ လူငယ်၏ ဦးခေါင်းအား ဓားဖြင့်ခုတ်လိုက်ခြင်းကြောင့် ၁၄ ချက် ချုပ်လိုက်ရပြီး ဆိုင်ကယ် ပါမသွားကြောင်း ၄င်းကဆိုသည် ။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် နိုင်ငံနှင့်တစ်ဝှမ်း နေ့စဥ် ခိုးဆိုးလုနှိုက်မှုများဖြစ်ပွားနေပြီး အရေးယူဆောင်ရွက်မှု အလွန်နည်းပါးသောကြောင့် ပိုမိုအတင့်ရဲလာကြသည် ။