၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ယမန်နေ့ည ၉း၄၅ ခန့်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စံဖိတ်ရွာရှိ မဏိရတနာဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ ကိုရင်ငယ်လေး ၁ ပါး ပါသွားတယ်။ အသက် ၈ နှစ်ကျော်ဖြစ်ပါလိမ့်မယ်၊ အားလုံးရူပ်နေကြတော့ ဘယ်သူမှ သတိမရလိုက်ဘူး၊ မီးအေးသွားမှ ကြည့်မှ သိတာ။ ကျောင်းမှာ သံယာတော် အပါး ၆၀ ကျော်လောက်ရှိပါတယ်၊ ဘာမှမရလိုက်ဘူး” ဟု ကျောင်းထိုင်ဆရာတော်နှင့် နီးစပ်သူတဦးက ပြောပါသည်။
သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့များနှင့် ရွာခံများ ဝိုင်းဝန်းကူညီကြရာ ည ၁၀ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်းသိရပါသည်။