ထိုင်းနိုင်ငံ ဖတ်ထရားကမ်းခြေမြို့ကို လာလည်တဲ့ ဖင်လန်က နိုင်ငံခြားဧည့်ခရီးသွားတဦးဟာ ဖတ်ထရားမြို့ပေါ်က မြို့ပတ်ကားလို လိုင်းကားပေါ် လိုက်စီးရင်း ယူရို ၄၀၀၀ ထောင်၊ လက်ကိုင်ဖုန်းနဲ့ ပစ္စည်းတွေ မေ့ကျန်ပြီး ကားပေါ်က ဆင်းသွားမိခဲ့ပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ကျော်ဖြစ်ပါမယ်။ ၂၀၂၃ ခု၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလို့ သိရပါတယ်။
လိတ် လို့အမည်ရတဲ့ ကားဒရိုင်ဘာဟာ သူမမေ့ကျန်ခဲ့တဲ့ပစ္စည်းပြန်ပေးဖို့ အသည်းအသန် ဟိုတယ်ထိလိုက်လံစုံစမ်းကြည့်ပြီး ပစ္စည်းနဲ့ယူရိုငွေသားအားလုံးကို ပြန်လည်အပ်နှံခဲ့ပါတယ်။
အကျင့်စာရိတ္တကောင်းမွန်ပြီး လေးစားအတုယူထိုက်တဲ့ အိမ်ရှင်ကားဒရိုင်ဘာလို့ ချီးမွမ်းခံလိုက်ရပါတယ်။
