ယနေ့ ကျိုင်းတုံ – မိုင်းဆတ်လမ်း ပန်လီရွာအကျော်၌ နံနက် ၀၉:၃၀ ခန့်တွင် Toyota Vigo ကား လူ ၁၂ ယောက်စီးလာပြီး ပရိတ်ပေါက်၍ ချောက်ထဲထိုးကျသွားရာ လိုက်ပါစီးနင်းလာသူ ၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါသည်။
ယင်းနောက် ပရဟိတ ကယ်ဆယ်ရေးအဖွဲ့များက ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
