သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ထန်တလန် ရဲစခန်းအား CDF နှင့် CNA တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့နိုင်ခဲ့ပြီး လက်နက်(၄၀) ကျော်ရရှိ

ထန်တလန် ရဲစခန်းအား CDF နှင့် CNA တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့နိုင်ခဲ့ပြီး လက်နက်(၄၀) ကျော်ရရှိ

Hsan Loi Editor
09/02/2023
Share:

 

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ရဲစခန်းတစ်ခုအား ချင်းအမျိုးသားတပ်ဦး (CNA) နှင့် ချင်းကာကွယ်တပ်ဖွဲ့ (CDF) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ (၈) ရက်နေ့ ည(၁၀) နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး နံနက် (၁) နာရီတွင် အဆိုပါရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထန်တလန်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့မှုကြောင့် ဒရုန်းပစ်လက်နက်အပါအဝင် လက်နက်ပေါင်း (၄၀) ကျော်ရရှိခဲ့ကြောင်း ဒေသသတင်းများက ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီရဲတပ်သား များစွာ သေဆုံးခဲ့သလို CNA တပ်သားတစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ချင်းပြည်နယ်ဒေသခံသတင်းအရင်းများက ဖော်ပြခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြန်လည်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

credit & original uploaded