RCSS ဌာနချုပ်လွိုင်တိုင်းလျဲန်းမှာပါ ကနေ့ ကျင်းပပြုလုပ်နေတဲ့ သျှမ်းပြည်အမျိုးသားနေ့ပွဲကို NCA လက်မှတ်ထိုးခဲ့တဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်လာတာကို တွေ့ရပါတယ်။
စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် အရာရှိအချို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်က ABSDF၊ ALP၊ LDU၊ PNLO၊ KNU KNLA-PC၊ NMSP ခေါင်းဆောင်များ နဲ့ အထူးဖိတ်ကြားထားသူများ၊ သျှမ်းပြည် အရပ်ဖက်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းနဲ့ သျှမ်းလူမျိုးအများစု တက်ရောက်လာကြတာကို တွေ့ရပါတယ်။

Photos: Tai freedom