သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့တွင် သျှမ်းပြည်နယ် (မူလ) မင်းကွန်းဇေတဝန်သာမာရ်အောင် ကမ္မဌာန်းကျောင်းတိုက်များ၏ (၅၇) ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင် ညီလာခံဖွင့်ပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါညီလာခံကို ဖေဖော်ဝါရီ ၇ ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လင်းခေးကမ္မဌာန်းကျောင်း တိုက်၏ (၇၅) နှစ်ပြည့် စိန်ရတုအထိန်းအမှတ်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။
ညီလာခံကို သျှမ်းပြည်နယ်လုံးဆိုင်ရာ ကမ္မဌာန်းကျောင်း တိုက် (၃၆) တိုက်မှ ကိုယ်စားလှယ်များနှင့် အမြို့မြို့အနယ်နယ်မှ တရားပွဲလာ ဓမ္မမိတ်ဆွေများ၊ ဒေသခံတိုင်း ရင်းသားများ ၃၀၀၀ နီးပါး လာရောက် ဆင်နွဲကြသည်။

Photo credit : szL