သျှမ်းပြည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် နမ့်စလင်းကျောင်းတိုက်နှင့် နားပိန်းကျောင်းတိုက် သံယာတော်များ ဒကာ ဒကာမများ ပူးပေါင်း၍ ယမန်နေ့ တပို့တွဲလပြည့်နေ့၌ နားပိန်းကျောင်းတိုက်သို့သွားရောက်၍ ဘုရားမီးပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
“သျှမ်းရိုးရာထုံးတမ်းဓလေ့လေးတွေ ပျောက်ပျက်သွားမှာစိုးလို့ ကြိုးစားပြီးလုပ်လိုက်ပါတယ်” ဟု အရှင်ဉာဏဝရက မိန့်ပါသည်။
မိုးမိတ်မြို့နယ်အပါအဝင် သျှမ်းလူမှုအသိုင်းအဝိုင်းများရှိရာ ဒေသများ၌ ကျင်းပပြုလုပ်ကြောင်း သိရပါသည်။
