နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ သျှမ်းပြည် ဝန်ကြီးချုပ်သစ် ဦးအောင်ဇော်အေးသည် ယခင် တိုင်းမှူးဖြစ်ဟုဆို

စစ်ကောင်စီ၏ သျှမ်းပြည် ဝန်ကြီးချုပ်သစ် ဦးအောင်ဇော်အေးသည် ယခင် တိုင်းမှူးဖြစ်ဟုဆို

Hsan Loi Editor
03/02/2023
Share:

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ်သစ် ဦးအောင်ဇော်အေးသည် ယခင် တြိဂံတိုင်းမှူး၊ အရှေ့မြောက်ပိုင်းတိုင်းမှူး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်တာဝန်ယူဖူးသူဖြစ်ကြောင်း စစ်သတင်းအရင်းအမြှစ်အချို့ထံက သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် ဟိုမိန်းဒေသတွင် TNLA ၏လက်နက်ခဲယမ်းများကို အမြှောက်အများ ဖမ်းဆီးခဲ့သူ အရှေ့မြောက်ပိုင်းတိုင်းမှူးဟု လေ့လာတွေ့ရှိရသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ဝန်းကျင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ TNLA ၊ AA၊ MNDAA တို့ ၃ ဖွဲ့ နောင်ချို၊ မေမြို့ရှိ ဗိုလ်သင်တန်းကျောင်း (DSTA) ကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှ လိုက်လံတိုက်ခိုက်ရင်း ကွတ်ခိုင်မြို့ လျိုတောတခုထဲတွင် အဆောက်အအုံ ၁၀၀ ကျော်ခန့်ရှိသော မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာကို ရှာဖွေတွေ့ရှိသွားပြီး ဝင်ရောက်စီးနင်းခဲ့ရာတွင် ကွပ်ကဲညွန်ကြားသော တိုင်းမှူး ဖြစ်သည်ဟု ထိုင်းသတင်းဌာနတခုကလည်း ရေးသားဖော်ပြဖူးသည်။

၂၀၁၇ ခုနှစ်ခန့်တွင် တြိဂံဒေသတိုင်းမှူး တာဝန်ယူဖူးသူဟုလည်း သိရသည်။