၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်၊ ယနေ့ နံနက် ၈နာရီ အချိန်တွင် ကိုခန့်ဇော်ဦး အသက် ၄၁ နှစ်သည် နေအိမ်တွင် မိမိကိုယ်ကို ဓားဖြင့် နေရာအနံ့လှီးထားပြီး သွေးထွက်လွန်နေကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ တဆင့် သိရပါသည်။ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် (ကွက်သစ်) မှ ဖြစ်ကြောင်း ပရဟိတတာဝန်ခံတဦးက ပြောပါသည်။
နေအိမ်တွင် တဦးထဲနေသူဖြစ်ပြီး ယမန်နေ့ည ၁၀ နာရီကတည်းက အဆုံးစီရင်ရန် လက်ကောက်ဝတ်၊ လည်ပင်း စသည့်နေရာများသို့ ဓားဖြင့်လှီးဖြတ်ထားသည်ဟုဆိုပါသည်။
လွိုင်ကော် ဒေါနိုးကူး ရပ်ကွက်(ကွက်သစ်) နေအိမ်မှ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
